• ဆီးဝမ်းမှန် နက်ကျော်ဆေး

    • ရေဖြင့်သောက်ရန်
    • ဆီးချုပ်၊ လေချုပ်၊ ၀မ်းချုပ်ခြင်းကြောင့်ဖြစ်သော မျက်စေ့မှုန်၊ မျက်နှာအဖုအပိန့်ထွက်၊ အတွင်းလိပ် အပြင်လိပ်ခေါင်း၊ ခါးနာခါးကိုက်၊ အောက်ပိုင်းခေါင်းညောင်းညာ၊ လေမပျောက်
    • သွက်ချာပါဒလေငန်း
    • အ၀လွန် အဆီပို၊ လေးလံထိုင်းမှိုင်းခြင်း မဖြစ်အောင် မှန်မှန်သောက်ပါက ဆီးဝမ်းမှန်၍ ကြည်လင်စေပါသည်။
  • ဆီးရောဂါဆေး

    • ရေဖြင့်သောက်ရန်
    • ဆီးပူ၊ ဆီးအောင့်၊ ဆီးကျင်၊ ဆီးတစက်စက်ကျ၊ အထူးသဖြင့် ဆီးလမ်းကြောင်း၊ ကျောက်ကပ်၊ ဆီးထဲသွေးပါ၊ ဆီးအိမ်ကျောက်တည်ခြင်း။ (ဆေးသောက်ရင်း ဆီးထဲ ကျောက်မှုန်များကျလာသည်။)
    • ဆီးကြောင့် ဖြစ်သော ဆီးချိုရိုက်၍ မျက်စေ့မှုန်ခြင်း ဆီးစပ်အောင့်၊ ခါးနာခါးကိုက်များကို ပျောက်ကင်းစေသည်။
  • နှလုံးရောဂါဆေး

    • နှလုံးသွေးကြောကျဉ်း၊ နှလုံးကြွက်သားယောင်
    • လေးဘက်နာကြောင့် နှလုံးယောင်၊ နှလုံးအပေါက် ကျဉ်း/ကျယ်ခြင်း၊ နှလုံးကြောင့်မူး၊အသက်ရှူမဝ
    • မောကြပ်ရင်တုန်၊ အိပ်မပျော်၊ ခြေဖျားလက်ဖျားအေး ထုံကျင်၊ နုံးခွေ
    • မီးယပ်မမှန်၊ မီးယပ်ထိန်၊ မီးယပ်သွေးမသန့်၊ မီးယပ်ရောဂါအမျိုးမျိုး
  • အပုပ်ချ ရုပ်လှဆေး

    • ဝမ်းချုပ်၊ ဝမ်းပုပ်ခြင်းကြောင့်ဖြစ်သော ခေါင်းအုံဇက်ထိုး၊ အစားပျက်၊ ရင်ပြည့်ရင်ကယ်၊ လည်ချောင်းနာ၊ အရေပြားယားနာ၊ အကွက်ထ၊ ကရင်ဂျီနာ၊ သွေးသားကြောင့်ဖြစ်သော ရောဂါများ သက်သာစေသည်။
  • လေးဘက်နာဆေး

    • သောက်ရန် ချက်ဆေး
    • အဆစ်အမြစ် ညောင်းညာကိုက်ခဲ လေးလံ
    • အသားများကွက်၍နာ၊ ထုံကျင်ဖောယောင်
    • အသက်ရှူမ၀၊ လေးဘက်နာဝေဒနာများအတွက် သက်သာစေသည်။
  • သွေးတိုးကျဆေး

    • ရေဖြင့် သောက်ရန်
    • ခန္ဓာကိုယ်တွင် ရှိသင့်သော သွေးပေါင်ချိန်ထက် ပိုမကျပါ။
    • ဇတ်ထိုး သွေးတက် (လေငန်းလေဖြစ်ခြင်းကို ကာကွယ်ပေးသည်။)
    • အစာမှား အစာအိမ်နာ ပျောက်ကင်းစေသည်။
    • ခေါင်းနောက်ခြင်းကို ပျောက်ကင်းစေသည်။ ခေါင်းကြည်စေသည်။
  • ရှူဆေး (၁)

    • ခေါင်းမူး၊ ခေါင်းအုံ၊ ခေါင်းကိုက်၊ ဇက်ကြောတက်၊ ရင်တုန်၊ အညှော်ဝင်၊ နှာစေး၊ နှာပိတ်၊ ထိတ်ကပ်နာ - ရှူရန် ( လန်းဆန်းစေသည် )
    • ချောင်းဆိုး၊ ရင်ကြပ်၊ လည်ချောင်းနာ - ပါးစပ်ဖြင့် ရှူရန်
    • အကြောတက်၊ အဆစ်နာ - အမှုန့် ပွတ်ချေလိမ်းရန်
    • သွားပိုးစား၊ သွားကိုက် - အမှုန့် အနည်းငယ်သိပ်ရန် ( အရေးပေါ် )
    • အဖျားတက်၊ ချွေးငုတ် - မီးခြစ် နှစ်ခေါင်းစာ ရေနွေးနဲနဲဖြင့် ဖျော်သောက်ရန် ( လန်းဆန်းစေသည် )
    • စစ်ဆေးစမ်းသပ်၍ ( ထိုင်းနိုင်ငံ F.D.A မှ တရားဝင် ခွင့်ပြုချက် ရရှိပြီး - အော်ယော်အမှတ် ၃၃/၂၅၅၃

  • ရှူဆေး (၂)

    • ခေါင်းမူး၊ ခေါင်းအုံ၊ ခေါင်းကိုက်၊ ဇက်ကြောတက်၊ ရင်တုန်၊ အညှော်ဝင်၊ နှာစေး၊ နှာပိတ်၊ ထိတ်ကပ်နာ - ရှူရန် ( လန်းဆန်းစေသည် )
    • ချောင်းဆိုး၊ ရင်ကြပ်၊ လည်ချောင်းနာ - ပါးစပ်ဖြင့် ရှူရန်
    • ထိုင်းနိုင်ငံ F.D.A မှ စစ်ဆးစမ်းသတ်ပြီး တရားဝင် ခွင့်ပြုချက်ရရှိပြီး - အော်ယော်အမှတ် ၃၄/၂၅၅၃
  • ရှူဆေးဘူးသေး

    • ခေါင်းမူး၊ ခေါင်းအုံ၊ ခေါင်းကိုက်၊ ဇက်ကြောတက်၊ ရင်တုန်၊ အညှော်ဝင်၊ နှာစေး၊ နှာပိတ်၊ ထိတ်ကပ်နာ - ရှူရန် ( လန်းဆန်းစေသည် )
    • ချောင်းဆိုး၊ ရင်ကြပ်၊ လည်ချောင်းနာ - ပါးစပ်ဖြင့် ရှူရန်
    • အကြောတက်၊ အဆစ်နာ - အမှုန့် ပွတ်ချေလိမ်းရန်
    • သွားပိုးစား၊ သွားကိုက် - အမှုန့် အနည်းငယ်သိပ်ရန် ( အရေးပေါ် )
    • အဖျားတက်၊ ချွေးငုတ် - မီးခြစ် နှစ်ခေါင်းစာ ရေနွေးနဲနဲဖြင့် ဖျော်သောက်ရန် ( လန်းဆန်းစေသည် )
  • သွက်ချာပါဒ လေငန်းဆေး

    • ရေ (သို့) အရက်ဖြင့် ဖျော်၍ လိမ်းရန် ( အရက်ပြင်းဖြင့် ဖျော်ထားလျှင် ကြာလေကောင်းလေဖြစ်သည်။)
    • သွက်ချာပါဒ အကြောသေ၊ ခြေလက်ဆွဲ၊ လေဖြတ်
    • ခြေလက်ထုံကျင် လေးလံကိုက်ခဲ
    • မီးယပ်ကြောင့် အကြောသေ၊ ချိနဲ့၊ သကျီးကိုက်၊ ကလေးသူငယ်နာ၊ အတွင်းတက၊ အရိုးကျိုးဘက် ယောင်ရမ်း၊ အဆစ်အမြစ်လွဲ
    • ဆေးအ၀ါရောင် စွန်းတတ်၍ အ၀တ်ဟောင်းဖြင့် ပတ်ထားရမည်။

အဘထ ၏ သမိုင်းကြောင်း

၁၉၉၀-၉၁ ခုနှစ်တွင် ဒေသနာနယ တိုင်းရင်းဆေးအဖွဲ့မှ တိုင်းရင်းသမားတော် ဦးသောင်းညွန့်(အဘထ)၏ အကြံပေးဦးဆောင်မှုဖြင့် ဒေါက်တာဒေါ်ခင်ဝင်းဋ္ဌေး (အမ်ဘီဘီအက်စ် ရန်ကုန်) မှ လောကနတ်အမှတ်တံဆိပ် အနာဘုရင်၊ အနာကျက် မန်းကျဆေးကို စတင်ထုတ်လုပ်ဖြန့်ဖြူးခဲ့ပါသည်။ အိမ်တွင်းစက်မှုလုပ်ငန်း အမျိုးအစားအဖြစ် စတင်ခဲ့သည်။ နောက်ပိုင်း အမှတ်တံဆိပ်တူများ မဖြစ်စေရန် အဘထ၏ "ထ"အမှတ်တံဆိပ် အဖြစ်ပြောင်းလဲခဲ့သည်။ အရှေ့တိုင်း သမားတော်ကြီး များ၏ အစဉ်အလာ နည်းစနစ် ဖေါ်မြူလာ အတိုင်း သမားစဉ်ဆေးများကိုသာ ထုတ်လုပ်ခဲ့သည်။ အဘထ တရားစခန်းဖွဲ့ရာ အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်၊  အောင်ဇေယျလမ်း အဘထဓမ္မရိပ်သာဝင်း အတွင်း ကင်မွန်းပင်မှ အရက်အညွန့်များ "ထ"ပုံသဏ္ဍာန်အ၀ိုင်းပေါ်လာသဖြင့် ဓာတ်ပုံရိုက် ကွန်ပျူတာဖြင့် ပြင်ဆင်ပြီး Logo ကို အသုံးပြုခဲ့သည်။

အဘထ ၏ ရည်ရွယ်ချက်

အနောက်တိုင်းဆေးများ အစွမ်းထက်စေကာမူ ဈေးနှုန်းကြီးမြင့်ခြင်း၊ ဘေးထွက် ဆိုးကျိုးများခြင်းကြောင့် ဈေးနှုန်းချိုသာပြီး ထိရောက်မှုရှိကာ ဘေးထွက်ဆိုးကျိုး အလွန်နည်းပါသည့် တိုင်းရင်းဆေးကို လူတိုင်းအသုံးပြုနိုင်ရန် ရည်ရွယ်ပါသည်။ ထိုကြောင့် "လူတိုင်းကျန်းမာ အဘထ စေတနာ" ဟူသော ဆောင်ပုဒ်ကို လက်ကိုင်ထားပြီး တိုင်းရင်းဆေးအမျိုးမျိုး ထုတ်လုပ်ခဲ့ပါသည်။ ၂၀၀၃-၂၀၀၄ ခုနှစ်တွင် အဘထ တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးလုပ်ငန်း လိုင်စင် စတင်ရရှိခဲ့ပြီး ရှူဆေး (၁) အမှုန့် ထုတ်လုပ်သည်။ "၈"လအကြာ အသီးအပွင့်များဖြင့် ရှူဆေး (၂)ကို ထပ်မံထုတ်လုပ်ခဲ့ပါသည်။

Website Designed & Maintained By iMyanmar